မြန်မာဖိုက်တာ အောင်ထွန်းဘိုသည် ယနေ့ ဩဂုတ် ၇ ရက် ညတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္ဗိနီ အားကစားရုံ၌ ကျင်းပမည့် ONE Friday Fights 165 ပြိုင်ပွဲတွင် ပြိုင်ဘက် အပြောင်းအလဲဖြစ်ကာ ထိုင်းဖိုက်တာ ပတ်ထရီနှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ မူလက ထိုင်းဖိုက်တာ ခွန်ဆွတ်နှင့် ထိုးသတ်ရန် စီစဉ်ထားသော်လည်း ခွန်ဆွတ် နေထိုင်မကောင်းသဖြင့် ONE Championship တွင် ပထမဆုံးပွဲ ထိုးသတ်မည့် ပတ်ထရီဖြင့် အစားထိုးလိုက်ခြင်း ဖြစ်သည်။အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်း ၁၄ ဆိုင်း ပါဝင်မည်ဖြစ်ပြီး အောင်ထွန်းဘိုနှင့် ပတ်ထရီတို့သည် ဒုတိယပိုင်း ပွဲစဉ် (၃) တွင် မွေထိုင်း အက်တမ်ဝိတ်တန်းအဖြစ် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ဒုတိယပိုင်း ပွဲစဉ်များကို အခမဲ့ ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည်ဖြစ်၍ အောင်ထွန်းဘို၏ ပွဲကို အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်သည်။ အောင်ထွန်းဘိုသည် ONE Championship ၌ တစ်ပွဲသာ ထိုးသတ်ဖူးပြီး ယင်းပွဲတွင် ရှုံးနိမ့်ထားခဲ့သည်။
မြန်မာဖိုက်တာ အောင်ထွန်းဘို ပြိုင်ဘက် အပြောင်းအလဲဖြစ်ပြီး ထိုင်းဖိုက်တာ ပတ်ထရီနှင့် ယနေ့တွင် ထိုးသတ်မည်ဖြစ်
Aug 07 • 2:13 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


