မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၅ ရက်တွင် ကန်ရေပြည့်မှတ် ၄၁၉ ဒသမ ၅ ပေသို့ ရောက်ရှိခဲ့သော်လည်း ရေပိုလွှဲ ရေတံခါးများမှ ထိန်းညှိ ထုတ်လွှတ်ခဲ့သဖြင့် ဩဂုတ် ၆ ရက် နံနက် ၁၀ နာရီတွင် ရေအမှတ် ၄၁၉ ပေသို့ ပြန်လည် လျော့ကျသွားခဲ့သည်။ လက်ရှိတွင် ရေထိန်းတံခါး ၇ ပေါက်လုံးမှ ရေများ ထုတ်လွှတ်ပေးနေရသဖြင့် ချောင်းမကြီး ဘေးဝဲယာရှိ ကျေးရွာများ၏ အနိမ့်ပိုင်း နေရာများနှင့် မန္တလေး-မိုးကုတ် ကားလမ်းမပေါ်သို့ ရေကျော်လွန်မှုများ ဖြစ်ပေါ်လျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များက အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် အသင့် ပြင်ဆင် စုဖွဲ့ထားကြသည်။
Aug 07 • 1:36 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 18 | 0 | 0 | 0 |


