back

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၂ မြို့နယ်၌ ယနေ့ ၄ နာရီကြာ ရေပြတ်တောက်နိုင်သဖြင့် ရေကြိုတင် စုဆောင်းရန် အသိပေး

Aug 07 • 1:33 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၂ မြို့နယ်၌ ယနေ့ ၄ နာရီကြာ ရေပြတ်တောက်နိုင်သဖြင့် ရေကြိုတင် စုဆောင်းရန် အသိပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်သည့် (မြောက်) ကမ္ဘာအေး ဓာတ်အားခွဲရုံတွင် 33 kV Auto Recloser တပ်ဆင်ရ...

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်သည့် (မြောက်) ကမ္ဘာအေး ဓာတ်အားခွဲရုံတွင် 33 kV Auto Recloser တပ်ဆင်ရန် လျှပ်စစ်ဓာတ်အား ခေတ္တ ပိတ်မည်ဖြစ်ကြောက်း သိရသည်။သို့ဖြစ်၍ ယနေ့ ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ ၄ နာရီကြာ ရေပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေး ထုတ်ပြန်လိုက်သည်။ယင်းလုပ်ငန်း ဆောင်ရွက်စဉ်အတွင်း ရေတွန်းစက်ကြီးများ ခေတ္တ ရပ်နားထားမည် ဖြစ်သဖြင့် မရမ်းကုန်း၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်း စသည့် မြို့နယ်များ၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေသုံးစွဲသူ ပြည်သူများအနေဖြင့် ရေကြိုတင် စုဆောင်းထားကြရန် နှိုးဆော်ထားသည်။

news-view-count-icon

35