ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်၊ ဒေါတငူးကျေးရွာအုပ်စုအတွင်းရှိ လမ်းမီးတိုင်များမှ မီးကြိုးများကို ညသန်းခေါင်ယံအချိန်များတွင် ဖြုတ်ယူခိုးယူသည့် ဖြစ်စဉ်များ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ခိုးယူသူများသည် မီးကြိုးများကို အုပ်စုဖွဲ့ ဖြုတ်ယူ၍ သံတိုသံစအဖြစ် ပြန်ရောင်းရန် လုပ်ဆောင်နေကြခြင်းဖြစ်ပြီး အဆိုပါ မီးကြိုးများကို ဒီးမော့ဆို အနောက်ခြမ်းမှတစ်ဆင့် လိပ်သိုနှင့် တောင်ငူဘက်သို့ ပြန်လည် ပို့ဆောင် ရောင်းချနေကြကြောင်း သိရသည်။ ထို့ပြင် အချို့နေရာများ၌ မီးကြိုးကြီးများ လမ်းမပေါ်တွင် တန်းလန်း ကျန်ရစ်ခဲ့သဖြင့် သွားလာနေသည့် ခရီးသွား ယာဉ်များအတွက်ပါ အန္တရာယ် ဖြစ်ပေါ်လျက်ရှိသည်။ သို့ဖြစ်ပါ၍ အဆိုပါ မီးကြိုးခိုးယူမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။
ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်း၌ လမ်းမီးကြိုးများ ဖြုတ်ယူခိုးယူသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွား
Aug 06 • 7:30 AM
မြန်မာ
ကယား
မျှဝေမည်
| 15 | 0 | 0 | 0 |


