back

မွန်ပြည်နယ်၌ ရာသီဥတုနှင့် ကုန်ကျစရိတ် မြင့်မားမှုကြောင့် မိုးစပါး အထွက်နှုန်း လျော့ကျနိုင်ဟု ခန့်မှန်း

Aug 06 • 6:34 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၌ ရာသီဥတုနှင့် ကုန်ကျစရိတ် မြင့်မားမှုကြောင့် မိုးစပါး အထွက်နှုန်း လျော့ကျနိုင်ဟု ခန့်မှန်း

မွန်ပြည်နယ်တွင် ယခုနှစ် မိုးရာသီ၌ ရာသီဥတု ပြောင်းလဲမှု၊ သွင်းအားစုနှင့် လုပ်သားခ ဈေးနှုန်း အဆမတန် မြင့်မားမှု၊ ပိုးမွှားနှင့် ခရု ကျရောက်မှုတို့ကြောင့် လာမည့် စ...

မွန်ပြည်နယ်တွင် ယခုနှစ် မိုးရာသီ၌ ရာသီဥတု ပြောင်းလဲမှု၊ သွင်းအားစုနှင့် လုပ်သားခ ဈေးနှုန်း အဆမတန် မြင့်မားမှု၊ ပိုးမွှားနှင့် ခရု ကျရောက်မှုတို့ကြောင့် လာမည့် စပါးပေါ်ချိန်တွင် အထွက်နှုန်း လျော့ကျလာနိုင်ကြောင်း တောင်သူများက ခန့်မှန်းထားကြသည်။ ရေး၊ မုဒုံနှင့် ပေါင်မြို့နယ်တို့တွင် စိုက်ပျိုးစရိတ် ကြီးမြင့်မှုကြောင့် မိုးစပါး စိုက်ပျိုးမှုကို လျှော့ချထားကြပြီး၊ အချို့မှာ မျိုးကြဲစနစ်ဖြင့်သာ စိုက်ပျိုးထားသဖြင့် အထွက်နှုန်း ပိုမို လျော့ကျနိုင်ခြေ ရှိနေသည်။ လက်ရှိတွင် ယမန်နှစ် မိုးစပါးလက်ကျန်များမှာ ဝယ်လိုအား ကောင်းမွန်ပြီး တစ်တင်းလျှင် ကျပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ ဈေးကောင်း ရရှိနေသော်လည်း အရည်အသွေးပေါ် မူတည်၍ ဈေးဖြတ် ရောင်းချနေရကြောင်း သိရသည်။

news-view-count-icon

13