စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ကုန်စည် ဝင်ရောက်မှု နည်းပါးခြင်းတို့ကြောင့် အသား၊ ဆန်၊ ဆီ၊ မီးသွေးနှင့် အသီးအရွက် အပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မန္တလေးဘက်မှ ကုန်စည်များ သယ်ယူရာ၌ မဟာမြိုင် ကားလမ်းပိုင်း ပျက်စီးမှုနှင့် ခရီးကြန့်ကြာမှုများကြောင့် မြို့တွင်း ကုန်စည်စီးဆင်းရန် ခက်ခဲနေခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ ကုန်ဈေးနှုန်းများ နေ့စဉ် ရာခိုင်နှုန်းအလိုက် မြင့်တက်နေသဖြင့် အခြေခံ လူတန်းစားများနှင့် မိသားစုကြီးသူများ စားဝတ်နေရေးအတွက် ပိုမို အခက်အခဲ ကြုံတွေ့နေကြရသည်။
Aug 06 • 4:35 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


