back

UFC Flyweight ချန်ပီယံ ဂျိုရှုအာဗန်၏ ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် ချန်ပီယံဟောင်း ပန်တိုဂျာနှင့် စက်တင်ဘာ ၂၀ ရက်တွင် ထိုးသတ်မည်ဖြစ်

Aug 06 • 4:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

UFC Flyweight ချန်ပီယံ ဂျိုရှုအာဗန်၏ ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် ချန်ပီယံဟောင်း ပန်တိုဂျာနှင့် စက်တင်ဘာ ၂၀ ရက်တွင် ထိုးသတ်မည်ဖြစ်

UFC Flyweight တန်း၏ လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် ၎င်း၏ ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် ချန်ပီယံဟောင်း ပန်တိုဂျာနှင့် စက်တင်ဘာ ၂၀ ရက်တွင် ကျင်...

UFC Flyweight တန်း၏ လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် ၎င်း၏ ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် ချန်ပီယံဟောင်း ပန်တိုဂျာနှင့် စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပမည့် UFC 331 ၏ ခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ဂျိုရှုအာဗန်သည် တက်ဆူရိုတိုင်ရာနှင့် ထိုးသတ်ခဲ့သည့်ပွဲအပြီး ငါးလအကြာတွင် ယခုကာကွယ်ပွဲကို ထပ်မံထိုးသတ်ရခြင်းဖြစ်ပြီး၊ ပန်တိုဂျာအတွက်မူ ဒဏ်ရာ သက်သာပျောက်ကင်းပြီးနောက် ပြန်လည်ယှဉ်ပြိုင်ရမည့် မကျေပွဲဖြစ်လာသည်။ ထို့ပြင် အဆိုပါ UFC 331 ပြိုင်ပွဲ၏ ဒုတိယခေါင်ပွဲအဖြစ် Arman Tsarukyan နှင့် Mauricio Ruffy တို့ကို ပွဲတည်ပေးထားရာ ပွဲကောင်းများ ပါဝင်သည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။

news-view-count-icon

42