ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကန်ရေမျက်နှာပြင်မှာ တစ်နေ့လျှင် နှစ်လက်မခန့် မြင့်တက်လာနေသဖြင့် ယခင်နှစ်များကဲ့သို့ ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပေါ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ လက်ရှိတွင် အခြေအနေမှာ စိုးရိမ်ရသည့် အဆင့်သို့ မရောက်သေးသော်လည်း မိုးဆက်လက် ရွာသွန်းပါက ကြုံတွေ့လာရနိုင်သည့် ရေဘေးအတွက် ဒေသခံအချို့မှာ နေအိမ်ရှိ ပစ္စည်းများကို အထက်ထပ်သို့ ကြိုတင် ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။ ထို့ပြင် ရာသီဥတု ဆိုးရွားနေသဖြင့် ကန်အတွင်းရှိ စေတီပုထိုးများနှင့် အပန်းဖြေစခန်းများသို့ ခရီးသွား ဝင်ရောက်မှု မရှိသလောက် နည်းပါးလျက် ရှိသည်။ မိုးလေဝသ ပညာရှင်များ၏ ခန့်မှန်းချက်အရ ဩဂုတ် ၄ ရက်နောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း၌ မိုးပိုမို များပြားနိုင်ပြီး အင်းလေး၊ ညောင်ရွှေ၊ ဖယ်ခုံနှင့် ဘီလူးချောင်းတစ်လျှောက် ရေမျက်နှာပြင် မြင့်တက်ကာ မြေနိမ့်ပိုင်းများတွင် ရေဝပ်ရေလျှံနိုင်၍ အထူးသတိပြုကြရန် သတိပေးထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသ၌ မိုးမပြတ် ရွာသွန်းမှုကြောင့် ကန်ရေ မြင့်တက်လာပြီး ရေဘေးထပ်မံ ကြုံတွေ့မည်ကို ဒေသခံများ စိုးရိမ်
Aug 06 • 3:46 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 10 | 0 | 0 | 0 |


