စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုန်စည်ဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ဂျုံဖြူများ အဝယ်လိုက်၍ အရောင်းအဝယ်ကောင်းမွန်နေပြီး လက်ရှိတွင် ယင်းမာပင်ခရိုင်ထွက် ဂျုံဖြူတစ်တင်း (ပိဿာ ၂၀) လျှင် ကျပ် ၈၈,၀၀၀ နှင့် ချောင်းဦးနယ်ထွက် ဂျုံနီတစ်တင်းလျှင် ကျပ် ၇၀,၀၀၀ ကျော်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ပြည်တွင်း စားသုံးမှု မလောက်ငခြင်းနှင့် ပစ္စည်းအဝင်နည်းခြင်းတို့ကြောင့် ဈေးနှုန်းများ ထပ်မံ မြင့်တက်နိုင်သဖြင့် ကုန်သည်များ ထိန်းရောင်းနေကြရပြီး၊ ယခုကဲ့သို့ ဂျုံဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာသောကြောင့် လာမည့် ဆောင်းသီးနှံ စိုက်ပျိုးရေးရာသီတွင် ဒေသခံတောင်သူများ ဂျုံပြန်လည် စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိသည်။
Aug 06 • 3:25 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


