နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ မနေ့ နံနက်ပိုင်းက ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ်နှင့် မြောက်ဦးခေတ် လက်ရာ ရှေးဟောင်းပစ္စည်း စုစုပေါင်း ၁,၁၇၃ ခု လာရောက်အပ်နှံသူ ၅ ဦးအား ဆုကြေးငွေ ကျပ်သိန်း ၁,၀၄၉ သိန်းကျော် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများ နိုင်ငံတော်သို့ အပ်နှံပါက ရွှေထည်ပစ္စည်း အရည်အသွေး စစ်ဆေးပြီး တစ်ရက်တာ ပေါက်ဈေး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုးများ အပါအဝင် အနည်းဆုံး ခေတ်ကာလ ပေါက်ဈေး၏ နှစ်ဆခွဲမှ သုံးဆခွဲကျော်အထိ ဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိသည်။ အဆိုပါ အပ်နှံခဲ့သည့် ပစ္စည်းများကို အမျိုးသားပြတိုက်များတွင် စနစ်တကျ ထိန်းသိမ်းပြသသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ရှေးဟောင်းပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အပ်နှံကြရန် အသိပေးထားသည်။
Aug 06 • 3:23 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 22 | 0 | 0 | 0 |


