back

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးကြီး၍ ချောင်းရေနှင့် မြေစာများ စီးဝင်သဖြင့် နေအိမ်များ ပျက်စီးနှုံးနစ်

Aug 06 • 2:36 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးကြီး၍ ချောင်းရေနှင့် မြေစာများ စီးဝင်သဖြင့် နေအိမ်များ ပျက်စီးနှုံးနစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်ဝမ်း၊ မှော်ရှန်နှင့် မမုံကျေးရွာတို့၌ ချောင်းရေများ လျှံတက်ပြီး မိုးရေနှင့်အတူ စွန့်ပစ်မြ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်ဝမ်း၊ မှော်ရှန်နှင့် မမုံကျေးရွာတို့၌ ချောင်းရေများ လျှံတက်ပြီး မိုးရေနှင့်အတူ စွန့်ပစ်မြေစာ၊ သဲနှုံးများ စီးမျောဝင်ရောက်ခဲ့ရာ အနည်းဆုံး နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှု မရှိသေးသော်လည်း နေအိမ် ပျက်စီးသွားသည့် မိသားစုများ နေစရာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ဖားကန့်ဒေသသည် မိုးရာသီတိုင်း ဥရုချောင်းနှင့် အခြားချောင်းငယ်များမှ ရေကြီးရေလျှံမှု၊ မြေပြိုမှုများနှင့် နှုံးနစ်မြုပ်မှုဒဏ်ကို နှစ်စဉ် ကြုံတွေ့နေရသည့် ဒေသတစ်ခုဖြစ်သည်။

news-view-count-icon

10