မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက မြို့အတွင်း လမ်းများပေါ်ရှိ ယာဉ်အပ်နှံခများကို ကားနှင့် အိုးဝေတစ်ကြိမ်လျှင် ၁,၀၀၀ ကျပ်၊ ဆိုင်ကယ် ၆၀၀ ကျပ်၊ စက်ဘီး ၂၀၀ ကျပ်အဖြစ် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ထို့ပြင် ယာဉ်ရပ်နားခများကို ကားနှင့် အိုးဝေတစ်နာရီလျှင် ၄၀၀ ကျပ်၊ ဆိုင်ကယ် ၂၀၀ ကျပ် သတ်မှတ်ထားပြီး ၈၄ လမ်းနှင့် ၂၈ လမ်းကြား အချို့နေရာများတွင်မူ တစ်နာရီလျှင် ၁,၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်သည်။ သတ်မှတ်ထားသည့် နှုန်းထားများထက် ပိုမိုကောက်ခံပါက ၀၉၄၄၁၀၃၇၈၈၉ နှင့် ၀၉၆၇၆၃၂၃၆၉၇ သို့ ဆက်သွယ်တိုင်ကြားနိုင်သည်။ စည်ပင်အနေဖြင့် ပြည်သူများ သတ်မှတ်နှုန်းထားအတိုင်း သာ ပေးဆောင်ရန်နှင့် အဆင်ပြေစွာ ယာဉ်ရပ်နားနိုင်ရန် စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
Aug 06 • 2:26 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 26 | 0 | 0 | 0 |


