ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဝှေလေလန် ပူးပေါင်း စစ်ဆေးရေးဂိတ်အနီး ရှောင်ကွင်းလမ်းတွင် ဩဂုတ် ၅ ရက် နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂ ဦးအား စတင်ဖမ်းဆီးရမိခဲ့ပြီး၊ ထိုမှတစ်ဆင့် ကွင်းဆက်အဖြစ် ဝမ်ပုံကျေးရွာအတွင်းမှ နောက်ထပ် ၃၉ ဦး၊ စုစုပေါင်း တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိမှုမှာ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်မှုရှိနေပြီး လက်ရှိတွင် ၎င်းတို့အား ထိန်းသိမ်းထားကာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄၁ ဦး ဖမ်းဆီးရမိ
Aug 06 • 2:25 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 13 | 0 | 0 | 0 |


