back

ချင်းတိုင်းရင်းသား ဖိုက်တာ ထီရဲယ်ထန် ဂျပန်နိုင်ငံ SHOOTO ပြိုင်ပွဲ၌ ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နှင့် ထိုးသတ်မည်

Aug 06 • 2:23 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းတိုင်းရင်းသား ဖိုက်တာ ထီရဲယ်ထန် ဂျပန်နိုင်ငံ SHOOTO ပြိုင်ပွဲ၌ ဂျပန်ဖိုက်တာ ကာဝါနာမတ်စ်နှင့် ထိုးသတ်မည်

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရဲယ်ထန်သည် လာမည့် နိုဝင်ဘာ ၂၄ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကိုရာကူရင် ခန်းမ၌ ကျင်းပမည့် Lemino SHOOTO-8 ပြိုင်ပွဲတွင် ...

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရဲယ်ထန်သည် လာမည့် နိုဝင်ဘာ ၂၄ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကိုရာကူရင် ခန်းမ၌ ကျင်းပမည့် Lemino SHOOTO-8 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ ကာဝါနာမတ်စ် (Kawana Matus) နှင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။ဂျပန် MMA ပရိုမိုးရှင်းတစ်ခုဖြစ်သည့် SHOOTO သည် အဆိုပါ ပြိုင်ပွဲအတွက် တွဲဆိုင်းနှစ်ဆိုင်းကိုသာ ထုတ်ပြန်ထားသေးပြီး ထီရဲယ်ထန်နှင့် ကာဝါနာမတ်စ်တို့၏ တွဲဆိုင်းကို အစောဆုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခင်က ONE Championship တွင် ထိုးသတ်ခဲ့သည့် ထီရဲယ်ထန်သည် လက်ရှိတွင် အခြား MMA ပြိုင်ပွဲများ၌ သွားရောက် ယှဉ်ပြိုင်လျက်ရှိပြီး ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝတွင် ၁၃ ပွဲ ထိုးသတ်ထားရာ ၈ ပွဲ နိုင်၊ ၅ ပွဲ ရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။

news-view-count-icon

13