back

နေပြည်တော်၊ ပျဉ်းမနား၌ ဖမ်းဆီးရမိသည့် ကလေးခိုးသူ ရတီကိုကိုမှ အခြားကလေးများကိုလည်း ရောင်းစားထားသဖြင့် အရေးယူ စစ်ဆေးလျက်ရှိ

Aug 06 • 2:03 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၊ ပျဉ်းမနား၌ ဖမ်းဆီးရမိသည့် ကလေးခိုးသူ ရတီကိုကိုမှ အခြားကလေးများကိုလည်း ရောင်းစားထားသဖြင့် အရေးယူ စစ်ဆေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်မှ ၇ လသားအရွယ် သမီးငယ်လေးကို ခိုးယူသွားသူ ရတီကိုကို ဆိုသူသည် အခြားကလေးငယ်များကိုပါ ရောင်းစားထားသည့် ဖြစ်စဉ်များရှိနေသဖြင့...

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်မှ ၇ လသားအရွယ် သမီးငယ်လေးကို ခိုးယူသွားသူ ရတီကိုကို ဆိုသူသည် အခြားကလေးငယ်များကိုပါ ရောင်းစားထားသည့် ဖြစ်စဉ်များရှိနေသဖြင့် နေပြည်တော်၊ ပျဉ်းမနားမြို့၌ ဖမ်းဆီးရမိပြီးနောက် ရဲတပ်ဖွဲ့က နောက်ကွယ်မှ ကြိုးကိုင်သူများနှင့် ပါဝင်ပတ်သက်သူများကို ထပ်မံ ဖော်ထုတ် စစ်ဆေးလျက်ရှိသည်။ အဆိုပါ အမျိုးသမီးသည် စစ်ရှောင်အဖြစ် ဟန်ဆောင်နေထိုင်ကာ ဩဂုတ် ၄ ရက်တွင် ကလေးငယ်ကို ခိုးယူသွားခဲ့ခြင်းဖြစ်ပြီး၊ ပျဉ်းမနားမြို့ ရန်အောင် (၂) ရပ်ကွက်၌ နို့မှုန့်ဝယ်ယူနေစဉ် ဒေသခံများက မှတ်မိ၍ တားဆီးကာ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ခြင်းဖြစ်သည်။ ပြန်လည်တွေ့ရှိချိန်တွင် ကလေးငယ်မှာ နို့မှုန့်ထဲ ဆေးခတ်ခံထားရသဖြင့် မှိုင်းနွံနေသောကြောင့် ဆေးစစ်မှုများ ပြုလုပ်ရန် စီစဉ်နေပြီး မိဘများနှင့် ပြန်လည်တွေ့ဆုံပေးခဲ့သည်။

news-view-count-icon

20