ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ (၂၀၂၆) ၏ ကွင်းသွင်းခြင်းခတ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီး ခြင်းလုံးအသင်းတို့က ငွေတံဆိပ်ဆုများ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။အမျိုးသား ကွင်းသွင်းပြိုင်ပွဲတွင် မြန်မာအသင်းမှ ဟန်ဝင်းထွဋ်၊ အောင်အောင်၊ အောင်ဇော်ဟိန်း၊ ချစ်မင်းပိုင်၊ ကျော်မင်းသူနှင့် မင်းရန်ခိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရမှတ် ၅၁၀ မှတ်ဖြင့် ငွေတံဆိပ်ဆု ရရှိခဲ့သည်။
အလားတူ အမျိုးသမီး ကွင်းသွင်းပြိုင်ပွဲတွင်လည်း မြန်မာအသင်းမှ နေခြည်နွေး၊ ဆုမွန်ကျော်၊ နမ့်မေသူထွေး၊ နှင်းနှင်းဝေ၊ ရွှန့်လဲ့ဇင်နှင့် ယဉ်ယဉ်ဌေးတို့က ရမှတ် ၄၇၀ မှတ်ဖြင့် ငွေတံဆိပ်ဆုကို အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြသည်။



