စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဩဂုတ် ၅ ရက်တွင် နမ့်ခွဲတဲချောင်း၊ ဥရုချောင်း၊ ချောင်းကြီးချောင်းနှင့် နမ့်ရုန်ချောင်းရေများ ရုတ်တရက် မြင့်တက်လာခဲ့ရာ မော်ရုံမြိုင်ကျေးရွာရှိ နေအိမ်အချို့ ရေစီးနှင့်မျောပါ ပျက်စီးခဲ့ပြီး နမ့်တောဒေသတွင် တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းများနှင့် နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဒေသခံများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက် ရှိသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် ဩဂုတ် ၈ ရက်အထိ တိုင်းနှင့် ပြည်နယ်အများစု၌ မိုးဆက်လက် ကြီးနိုင်ကြောင်း သတိပေးထားသည်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း၌ မိုးသည်းထန်စွာ ရွာသွန်း၍ ချောင်းရေကြီးကာ နေအိမ်များနှင့် ဆေးရုံ၊ စာသင်ကျောင်းများအတွင်း ရေဝင်ရောက်
Aug 06 • 1:54 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


