မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံတွင် ဩဂုတ် ၅ ရက် ညနေပိုင်း၌ ကန်ရေပြည့်အမှတ် ၄၁၉ ဒသမ ၅ ပေသို့ ရောက်ရှိနေသော်လည်း တမံကြံ့ခိုင်မှု ကောင်းမွန်သဖြင့် စိုးရိမ်စရာမရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ မိုးကုတ်မြို့၌ မိုးရေချိန် ၄ ဒသမ ၂၅ လက်မအထိ သည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်အတွင်း ရေအများအပြား စီးဝင်နေသဖြင့် တမံအောက်ဘက်ရှိ ကျေးရွာများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရေပိုလွှဲမှ ထိန်းညှိစီမံ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် အသင့်ပြင်ဆင် စုဖွဲ့ထားရှိပြီးဖြစ်၍ ပြည်သူများ စိုးရိမ်ပူပန်ရန် မလိုကြောင်း အသိပေးထားသည်။
Aug 06 • 1:51 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 17 | 0 | 0 | 0 |


