ကုလားပဲအုပ်စုဝင် 929 အနီလုံးနှင့် V3 အဖြူလုံးများကို ပါကစ္စတန်နိုင်ငံသို့ တင်ပို့ရောင်းချရန်အတွက် မုံရွာမြို့ရှိ ပဲကုန်သည်များနှင့် ရန်ကုန်ဝယ်လက်များက ဇူလိုင်လမှစတင်၍ အရည်အသွေးကောင်းမွန်သော ပဲများကို ဝယ်ယူစုဆောင်း လှောင်တင်းနေကြကြောင်း သိရသည်။ ထိုသို့ ပြည်ပဈေးကွက် ပွင့်လာမှုကြောင့် 929 အနီလုံးနှင့် V3 အဖြူလုံးတို့မှာ ၁၉ ပိဿာတစ်တင်းလျှင် ကျပ် ၅,၀၀၀ ခန့် ဈေးနှုန်းမြင့်တက်သွားခဲ့သည်။ ကုလားပဲကို ပြည်တွင်း၌ စားသုံးမှုများသည့်အပြင် ယခင်နှစ်များက အိန္ဒိယ၊ ပါကစ္စတန်၊ စင်ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ အလုံးလိုက်ဖြစ်စေ၊ ခွဲခြမ်းအဖြစ်ဖြစ်စေ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။
မြန်မာပြည်တွင်းကုလားပဲ 929 နှင့် V3 တို့ကို ပါကစ္စတန်သို့ တင်ပို့ရန် ပြင်ဆင်နေပြီး ပဲဈေးနှုန်းများ စတင်မြင့်တက်
Aug 05 • 12:35 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


