back

ရေဘေးသင့် လေးမျက်နှာမြို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် မီတာဘောက် ၂၀၀ ကျော် ဖြုတ်သိမ်းထား

Aug 05 • 12:23 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ရေဘေးသင့် လေးမျက်နှာမြို့တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် မီတာဘောက် ၂၀၀ ကျော် ဖြုတ်သိမ်းထား

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာတမံနိမ့်ကျ ရေကျော်စီးဝင်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့ ရေနစ်မြုပ်လျက်ရှိရာ ရေဝင်ရောက်နေသည့် နေအိမ်မျ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာတမံနိမ့်ကျ ရေကျော်စီးဝင်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့ ရေနစ်မြုပ်လျက်ရှိရာ ရေဝင်ရောက်နေသည့် နေအိမ်များ၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်နှင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန်အတွက် မီတာဘောက် ၂၀၀ ကျော်ကို ကြိုတင်ဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ဟင်္သာတခရိုင်နှင့် လေးမျက်နှာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက မီတာဘောက်များ ဖြုတ်သိမ်းပေးခြင်းအပြင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကိုပါ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

23