မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) က ရေဘေးအန္တရာယ်များ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်နိုင်ရန် ထိုင်းနိုင်ငံမှ မှာယူထားသည့် ကယ်ဆယ်ရေးလှေ ၆ စီးနှင့် အင်ဂျင်စက်များ ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ လက်ရှိတွင် အဆိုပါ လှေများနှင့် စက်များကို တပ်ဆင်ကာ အသုံးပြုနိုင်ရန် အဆင်သင့် ပြင်ဆင်လျက်ရှိပြီး၊ ရေဘေးသင့်ဒေသများ၌ အရေးပေါ် တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Aug 05 • 12:19 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


