back

ရှမ်းပြည်နယ်၊သီပေါတွင်ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် သီပေါမြို့၌ တာရိုးကာကွယ်ရေးလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်

Aug 05 • 12:18 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊သီပေါတွင်ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် သီပေါမြို့၌ တာရိုးကာကွယ်ရေးလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်

ရှမ်းပြည်နယ်၊ သီပေါမြို့တွင် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဩဂုတ် ၅ ရက် နံနက် ၁၁ နာရီခန့်က ဈေးရပ်ကွက်၊ နယ်မြေ (၁) ရှိ အနိမ့်ပိုင်း လူနေအိမ်များအတွင်းသို့ ရ...

ရှမ်းပြည်နယ်၊ သီပေါမြို့တွင် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဩဂုတ် ၅ ရက် နံနက် ၁၁ နာရီခန့်က ဈေးရပ်ကွက်၊ နယ်မြေ (၁) ရှိ အနိမ့်ပိုင်း လူနေအိမ်များအတွင်းသို့ ရေစတင် ကျော်ဝင်လာခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ရေကျော်ဝင်နေသည့် တာရိုးပေါ်တွင် အတားအဆီးများ တပ်ဆင်ခြင်းနှင့် သဲအိတ်များ စီတန်းကာကွယ်ခြင်းစသည့် အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

22