ရှမ်းပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုး၊ ကျိုင်းတုံနှင့် ဟိုပုံးမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ စိုက်ခင်းများနှင့် နေအိမ်အချို့ ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။ လားရှိုးမြို့နယ်၌ နမ့်မောဟင်ချောင်း ရေတက်သဖြင့် နမ့်ပေါင်ကျေးရွာနှင့် ရပ်ကွက်အချို့တွင် လည်းကောင်း၊ ကျိုင်းတုံမြို့နယ်၌ နမ့်ခင်ချောင်း ရေလျှံသဖြင့် ယန်းလောကျေးရွာအုပ်စု၌ လည်းကောင်း၊ ဟိုပုံးမြို့နယ်၌ ကားလမ်း ရေကျော်ကာ စိုက်ခင်းများ ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ပျက်စီးဆုံးရှုံးမှု စာရင်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဌာနဆိုင်ရာများက ပူးပေါင်း ပြုစုနေဆဲဖြစ်ပြီး၊ မုတ်သုံလေ အားကောင်းမှုကြောင့် ဩဂုတ် ၈ ရက်အထိ ရှမ်းပြည်နယ် အပါအဝင် ဒေသအချို့၌ မိုးဆက်လက် ကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။
Aug 05 • 12:17 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 13 | 0 | 0 | 0 |


