back

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါတွင် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်၍ စက်လှေသွားလာခွင့် ပိတ်ပင်၊ ရေဘေးကြိုတင်ပြင်ဆင်မှုများ စတင်

Aug 05 • 12:15 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါတွင် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်၍ စက်လှေသွားလာခွင့် ပိတ်ပင်၊ ရေဘေးကြိုတင်ပြင်ဆင်မှုများ စတင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဋ္ဌဝတီမြစ်ရေ အဆမတန် မြင့်တက်လာသဖြင့် ပြည်သူများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် မြစ်အ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဋ္ဌဝတီမြစ်ရေ အဆမတန် မြင့်တက်လာသဖြင့် ပြည်သူများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် မြစ်အတွင်း စက်လှေများ ဖြတ်သန်းသွားလာမှုကို ဩဂုတ် ၅ ရက်မှစ၍ သက်ဆိုင်ရာက ပိတ်ပင်လိုက်ကြောင်း သိရသည်။ မြစ်ရေရုတ်တရက် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန အပါအဝင် ပူးပေါင်းအဖွဲ့များက မြစ်ရေအခြေအနေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

12