back

တိုင်ဖွန်း DOLPHIN အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများအတွက် ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ အသင့်ပြင်ဆင်ထား

Aug 05 • 12:08 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တိုင်ဖွန်း DOLPHIN အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများအတွက် ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ အသင့်ပြင်ဆင်ထား

တိုင်ဖွန်းမုန်တိုင်း DOLPHIN ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် ညောင်ဦးမြို့နယ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေယာဉ်မျ...

တိုင်ဖွန်းမုန်တိုင်း DOLPHIN ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် ညောင်ဦးမြို့နယ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေး စက်ပစ္စည်းများကို ဩဂုတ် ၅ ရက် နံနက်ပိုင်းမှစ၍ အသင့်စုဖွဲ့ ပြင်ဆင်ထားကြောင်း သိရသည်။ မုန်တိုင်းအရှိန်ကြောင့် မြေနိမ့်ပိုင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် တာဝန်ရှိသူများက သတိပေးချက်များ လှည့်လည်ဆော်ဩလျက်ရှိပြီး အရေးပေါ် အကူအညီ လိုအပ်ပါက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန ဖုန်း ၁၉၁ နှင့် ၀၆၁-၂၄၆၀၁၉၁ သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

news-view-count-icon

19