back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ဆက်သွယ်ရေး ပြန်လည်ရရှိရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

Aug 05 • 12:03 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ဆက်သွယ်ရေး ပြန်လည်ရရှိရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal...

ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် ဆက်သွယ်ရေး ပြတ်တောက်နေသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားတို့ကို တပ်ဆင်ထားကြောင်း သိရသည်။ B2B Satellite Terminal များအနက် တစ်စုံကို စာရေးကွင်းအုပ်စုရှိ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင်လည်းကောင်း၊ ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင်လည်းကောင်း တပ်ဆင်ထားသည်။ ထို့ပြင် စာရေးကွင်း၌ တပ်ဆင်ထားသည့် COW မိုဘိုင်းကားကြောင့် MPT အသုံးပြုသူများအနေဖြင့် တစ်မိုင်ခွဲပတ်လည်အတွင်း ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက် ဒေတာဝန်ဆောင်မှုများကို ဩဂုတ် ၄ ရက် ညနေပိုင်းမှစတင်၍ ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

15