back

ကချင်ပြည်နယ်၊မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ်ကွက်များနှင့် နမ့်ရင်းချောင်းဘေးရှိ နေအိမ်များအတွင်း ရေဝင်ရောက်

Aug 05 • 12:01 PM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ်ကွက်များနှင့် နမ့်ရင်းချောင်းဘေးရှိ နေအိမ်များအတွင်း ရေဝင်ရောက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ဩဂုတ် ၄ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရှိ ရေလည်ကျွန်း၊ နတ်ကြ...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ဩဂုတ် ၄ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရှိ ရေလည်ကျွန်း၊ နတ်ကြီးကုန်း၊ ဆင်ဘိုကုန်း၊ စိမ်းမြောက် (ပေ ၆၀ လမ်း)၊ အောင်ချမ်းသာနှင့် အုတ်ကျင်းရပ်ကွက်များအပါအဝင် လမ်းများနှင့် နေအိမ်များအတွင်းသို့ ရေဝင်/ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်နေသည့် ရပ်ကွက်များနှင့် နမ့်ရင်းချောင်းဘေးတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

20