ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ဩဂုတ် ၄ ရက် နံနက် ၆ နာရီခွဲခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Toyota Alphard ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းရာမှ ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ယာဉ်မောင်းသူမှာ အချက်ပြမီး လင်းလာသဖြင့် လမ်းဘေးရပ်တန့်ကာ စက်ဖုံးဖွင့်ကြည့်စဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးလောင်မှုဖြစ်ပွား၊ လူထိခိုက်ဒဏ်ရာရရှိမှုမရှိ
Aug 05 • 12:00 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 14 | 0 | 0 | 0 |


