back

ဧရာဝတီတိုင်းရှိ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့က မြွေအန္တရာယ် သတိပေးနှိုးဆော်လွှာ ထုတ်ပြန်

Aug 05 • 11:57 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းရှိ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့က မြွေအန္တရာယ် သတိပေးနှိုးဆော်လွှာ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများရှိ ပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ...

ဧရာဝတီတိုင်းဒေသကြီး၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများရှိ ပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မြွေအန္တရာယ်ကို သတိပြုလိုက်နာရန် တိုင်းအစိုးရအဖွဲ့က အရေးပေါ် အသိပေးစာ ထုတ်ပြန်ခဲ့သည်။ ရေကြီးမှုကြောင့် မြွေများ၏ ကျက်စားရာနေရာများ ရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အထက်စီးနေရာများနှင့် လူနေအိမ်များအတွင်း သို့ ပုန်းအောင်းဝင်ရောက်လာနိုင်သဖြင့် အမှောင်ထဲတွင် သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မဖြစ်မနေ သွားလာရပါက မီးအိမ် သို့မဟုတ် လက်နှိပ်ဓာတ်မီးများကို သေချာစွာ အသုံးပြုကြရန် အသိပေးထားကြောင်း သိရသည်။

news-view-count-icon

12