back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာ ရေဘေးသင့်ဒေသရှိ ရွှေ့ပြောင်းတိရစ္ဆာန်များအတွက် အစာဖြန့်ဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

Aug 05 • 11:35 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာ ရေဘေးသင့်ဒေသရှိ ရွှေ့ပြောင်းတိရစ္ဆာန်များအတွက် အစာဖြန့်ဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည့် တိရစ္ဆာန်များအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အစာဖြန့်ဝေခြ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည့် တိရစ္ဆာန်များအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အစာဖြန့်ဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဌာနမှ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများသည် ဩဂုတ် ၁ ရက်မှ ၃ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ နွား ၁၆၄ ကောင်အား ကာကွယ်ဆေးထိုးနှံပေးခဲ့သည့်အပြင် နွား ၁၃၁ ကောင်၊ ဝက် ၁၄၁ ကောင်နှင့် ဆိတ် ၅၈ ကောင်တို့ကို ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ပြီး တိရစ္ဆာန်အစာ ၃၇၅ ကီလိုဂရမ်ကိုလည်း ရေဘေးသင့် မွေးမြူရေးသမားများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

12