back

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ဆေးဝါးအရည်အသွေးအာမခံမှုနှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး

Aug 05 • 11:33 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ဆေးဝါးအရည်အသွေးအာမခံမှုနှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA Myanmar) နှင့် အိန္ဒိယအစိုးရ၏ Indian Pharmacopoeia Commission (IPC) တို့အကြား ဒုတိယအကြိမ် ပူး...

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA Myanmar) နှင့် အိန္ဒိယအစိုးရ၏ Indian Pharmacopoeia Commission (IPC) တို့အကြား ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ FDA Myanmar ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် IPC ၏ Secretary-cum-Scientific Director ဖြစ်သူ Dr. V. Kalaiselvan ဦးဆောင်သည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ဆေးဝါးစံချိန်စံညွှန်း၊ အရည်အသွေးအာမခံမှုနှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

12