back

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် လူနေအိမ်များအတွင်းသို့ မြေစာများဝင်ရောက်မှုဖြစ်ပွား

Aug 05 • 4:48 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် လူနေအိမ်များအတွင်းသို့ မြေစာများဝင်ရောက်မှုဖြစ်ပွား

၅.၈.၂၀၂၆ ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်အနောက်ပိုင်း၊ ပန်းမပတ္တမြားသျှိုရပ်ကွက်နှင့် အောင်သစ်လွင်ရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်း...

၅.၈.၂၀၂၆ ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်အနောက်ပိုင်း၊ ပန်းမပတ္တမြားသျှိုရပ်ကွက်နှင့် အောင်သစ်လွင်ရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြို၍ လူနေအိမ်များအတွင်းသို့ မြေစာများဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

news-view-count-icon

31