back

ကုလအကြီးအကဲရာထူးအတွက် အလွတ်သဘောမဲခွဲပွဲ လုံခြုံရေးကောင်စီ ထပ်မံကျင်းပဖွယ်ရှိ

Aug 05 • 4:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကုလအကြီးအကဲရာထူးအတွက် အလွတ်သဘောမဲခွဲပွဲ လုံခြုံရေးကောင်စီ ထပ်မံကျင်းပဖွယ်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ရေးအတွက် အလွတ်သဘောမဲခွဲပွဲတစ်ခုကို လုံခြုံရေးကောင်စီက ယခုလအတွင်း ကျင်းပဖွယ်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး ခ...

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ရေးအတွက် အလွတ်သဘောမဲခွဲပွဲတစ်ခုကို လုံခြုံရေးကောင်စီက ယခုလအတွင်း ကျင်းပဖွယ်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး ခရစ္စတီးနားမားကတ်စ်လာဆင်က ဩဂုတ် ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ဒိန်းမတ်နိုင်ငံသည် ယခုနှစ်ဩဂုတ်လ၏ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားသောနိုင်ငံဖြစ်သည်။လက်ရှိကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်သည် ကုလအတွင်းရေးမှူးချုပ်ရာထူးကို ငါးနှစ်သက်တမ်းနှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် တာဝန်မှအနားယူရန် စီစဉ်ထားသည်။အန်တိုနီယိုဂူတာရက်စ်၏နေရာကို ဆက်ခံရေးအတွက် ကော်စတာရီကာနိုင်ငံ၊ ချီလီနိုင်ငံ၊ ဆီနီဂေါနိုင်ငံ၊ ဂိုင်ယာနာနိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ယူဂန်ဒါနိုင်ငံနှင့်အာဂျင်တီးနားနိုင်ငံတို့က ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းထားပြီးဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ကုလအတွင်းရေးမှူးချုပ်ရာထူးအတွက် ပထမအကျော့မဲခွဲပွဲတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပခဲ့ပြီးဖြစ်သည်။ ယင်းမဲခွဲပွဲမှပေါ်ထွက်လာသော ရလဒ်များအရ ကော်စတာရီကာဒုတိယသမ္မတဟောင်း ရေဘက်ကာဂရင်းစပင်းက အခြားပြိုင်ဘက်ခြောက်ဦးတို့အပေါ်ထောက်ခံမဲ နှာတစ်ဖျားဖြင့် အသာရထားကြောင်း သိရသည်။


news-view-count-icon

19