back

ဆာလာကို ခေါ်ယူဖို့ ဆွေးနွေးနေပြီး ဒီနေ့ တူရကီကို ရောက်ရှိလာမှာဖြစ်ကြောင်း ထရက်ဇွန်စပေါ်အသင်း ကြေညာချက်ထုတ်ပြန်

Aug 05 • 4:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆာလာကို ခေါ်ယူဖို့ ဆွေးနွေးနေပြီး ဒီနေ့ တူရကီကို ရောက်ရှိလာမှာဖြစ်ကြောင်း ထရက်ဇွန်စပေါ်အသင်း ကြေညာချက်ထုတ်ပြန်

တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းက လီဗာပူးလ်တိုက်စစ်ကစားသမားဟောင်း ဆာလာကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း ကြေညာချက်ထုတ်ပြန်ပြီး အတည်ပြုခဲ့ပါတယ်။အီဂျစ်လက်ရွေးစင်ကစားသမာ...

တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းက လီဗာပူးလ်တိုက်စစ်ကစားသမားဟောင်း ဆာလာကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း ကြေညာချက်ထုတ်ပြန်ပြီး အတည်ပြုခဲ့ပါတယ်။အီဂျစ်လက်ရွေးစင်ကစားသမား ဆာလာ(၃၄ နှစ်)ဟာ ရာသီကုန်မှာ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းသစ်ရှာဖွေနေတာဖြစ်ကာအစောပိုင်းမှာ ဘက်ဆစ်တက်အသင်းကို ရောက်ရှိဖို့ နီးစပ်နေကြောင်း သတင်းထွက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ဆွေးနွေးမှုအဆုံးသတ်သွားခဲ့ပြီး ထရက်ဇွန်စပေါ်အသင်းက ကြိုးပမ်းလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ပရော်ဖက်ရှင်နယ်ကစားသမား မိုဟာမက်ဆာလာနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု စတင်ပြုလုပ်နေပါတယ်။ သူက အစ္စတန်ဘူလ်လေဆိပ်ကို သြဂုတ်(၅)ရက် နေ့လယ် ၁၂း၀၀ နာရီမွာ ရောက်ရှိပါမယ်။ ထရက်ဇွန်ကို အဲဒီနေ့ ညနေပိုင်းမှာ ရောက်ရှိဖို့ ကစားသမားက အစီအစဉ်ရေးဆွဲထားပါတယ်'' လို့ အင်္ဂါညမှာ ထရက်ဇွန်စပေါ်အသင်းက ကြေညာခဲ့ပါတယ်။ထရက်ဇွန်စပေါ်အသင်းက ဆာလာကို (၂)နှစ်စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားပြီး လစာအဖြစ် တစ်နှစ်ကို ယူရို(၁၇)သန်း ပေးချေမယ်လို့ သိရပါတယ်။ဆာလာကို ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ်က ကလပ်အသင်းတချို့က ဒီထက်မြင့်မားတဲ့ လစာနှုန်းထားနဲ့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမဲ့ ဆာလာက ဥရောပမှာသာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

13