အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် စပိုးကိန်းမြို့ ဆင်ခြေဖုံးဒေသများ၌ ဩဂုတ် ၃ ရက်တွင် တတိယမြောက်နေ့အဖြစ် တောမီးများဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း သိရသည်။စပိုးကိန်းဆင်ခြေဖုံးဒေသများ၌ သုံးရက်ကြာလောင်ကျွမ်းနေသော တောမီးများကြောင့် လက်ရှိအချိန်ထိ လူနေအိမ်နှင့်အဆောက်အအုံ အနည်းဆုံး ၇၀၀ မီးလောင်ကျွမ်းပျက်စီးခဲ့ရပြီး ဒေသခံပြည်သူထောင်ပေါင်းများစွာတို့မှာအိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့ကြရသည်။စပိုးကိန်းနယ်မြေတောမီးများသည် ဇူလိုင် ၃၁ ရက်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ယင်းတောမီးများကြောင့်သစ်တောမြေဧက ၈၀၀၀ ကျော် (၃၂၀၀ ဟက်တာ) မီးသင့်ပျက်စီးခဲ့ရကြောင်း အမေရိကန် တာဝန်ရှိသူများကထုတ်ဖော်ပြောကြားထားသည်။
အဆိုပါတောမီးများကြောင့် ဒေသခံပြည်သူ၆၄,၀၀၀ တို့ကို တောမီးလွတ်ရာဒေသများသို့ ထွက်ခွာရှောင်တိမ်းကြရန် အမေရိကန်တာဝန်ရှိသူများက ညွှန်ကြားထားသည်။လက်ရှိအချိန်တွင် စပိုးကိန်းဆင်ခြေဖုံးဒေသ တောမီးများကို ထိန်းချုပ်ရေးအတွက် မီးသတ်သမား ၁၁၀၀ တို့ကကြိုးပမ်းလျက်ရှိကြောင်း အမေရိကန် မီဒီယာများက သတင်း ထုတ်ပြန်ထားသည်။


