မန္တလေးတိုင်း၊မိုးကုတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံ ပြိုကျပြီးလူနေအိမ် ပျက်စီးကာ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ မိုးကုတ်အခြေစိုက် ကျန်းမာရေးဖောင်ဒေးရှင်းတစ်ခုက ဖော်ပြထားပါတယ်။မိုးကုတ်မြို့၊ အနောက်ပိုင်း၊ ပန်းမရပ်ကွက်၊ ပတ္တမြားသျိုမှာမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ကာဖြစ်စဉ်မှာ လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ထိခိုက်ပျက်စီးမှုတွေကို အနောက်ပိုင်းအရန်မီးသတ် / ကြက်ခြေနီ /လောကဟိတအသင်းတို့ နဲ့parami health care foundationတို့ပူးပေါင်းကူညီခဲ့ပါတယ်။မိုးကုတ်မြို့အပါအဝင် တောင်ပေါ်ဒေသ တွေမှာ မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းပါက မြေပြိုမှု၊ မြေထိန်းနံရံပြိုကျမှုများနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် တောင်စောင်းနှင့် မြေထိန်းနံရံ အနီးအနားတွင် နေထိုင်သူများအနေဖြင့် အထူးဂရုပြု စောင့်ကြည့်နေထိုင်ကြရန် လိုအပ်တယ်လို့ သိရပါတယ်။



