မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာရှိတဲ့ ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်အမှတ် ရောက်ဖို့အတွက် (၁) ပေခွဲခန့်သာ လိုတော့တာကြောင့် ဩဂုတ်လ ၃ ရက် ညပိုင်းက စတင်ပြီးရေပိုရေလွှဲ တံခါးတွေကို ဖွင့်ချထားတာကြောင့် ဆည်အနီးက ကျေးရွာတချို့ကို အရေးပေါ်ရွေ့ပြောင်းကြဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီ က ထုတ်ပြန်ထားတာတွေ့ရပါတယ်။တံငါတံတားရဲ့ လက်ရှိရေအမှတ်မှာလည်း (၉၅.၆) သို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီတာကြောင့် နောက် ထပ် ရေ (၃) ပေ ထပ်တိုးပါက ကားလမ်းရေကျော်နိုင်တယ်လို့ အသိပေးထားကာကျေးရွာတွေနဲ့ ကပ်လျက်ရှိတဲ့ ချောင်းဘောင်တွေကရေများကျော်လွန်ပြီး စတင်ဝင်ရောက်နေပြီဖြစ်တာကြောင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင် နဲ့ အင်းသကား ကျေးရွာတွေကမိဘပြည်သူများအနေနဲ့ အမြန်ဆုံး ကုန်းမြင့်ပိုင်းတွေကို အရေးပေါ် ပြောင်းရွှေ့နေထိုင်ကြပါရန် အသိပေး နှိုးဆော်ထားတာကိုတွေ့ရပါတယ်။ အဲ့ဒီကျေးရွာတွေကလွဲရင် တခြားကျေးရွာဒေသများအတွက် စိုးရိမ်ဖွယ်မရှိကြောင်းကိုလည်း အသိပေးထားပါတယ်။ဆည်တော်ကြီး ရေလှောင်တမံ ကန်အတွင်းဝင်ရေ ၅,၃ဝ၇ ဧကပေရှိပြီး ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်အမှတ်မှာ ၄၁၉ ဒသမ ၅ ပေနှင့် ရေလှောင်ပမာဏမှာ ဧကပေ ၃၆၃,ဝဝဝ ဖြစ်ကြောင်း သိရသည်။ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ ပေ၊ ရေလှောင်ပမာဏ ၃၆၃,၀၀၀ ဧကပေ ဖြစ်ပြီး လက်ရှိတမံရေအမှတ်မှာ ၄၁၈ ပေသို့ ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။



