ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာအနီးမှ အွန်လိုင်းလိမ် လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား (၄၉)ဦးကို လက်နက်ခဲယမ်းများ၊ သက်သေခံပစ္စည်းများနှင့်အတူသြဂုတ် ၄ ရက်မွန်းလွဲ ၂ နာရီခွဲတွင်ဖမ်းဆီးရမိခဲ့ကာ ဖမ်းဆီးရမိသူများအား လို အပ်သည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာဆက်လက်အရေး ယူသွားမည်ဖြစ်ကာသိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှပါဝင်ပတ်သက်နေသူများကိုလည်း စုံစမ်းဖော်ထုတ်ကာအရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



