မြန်မာ - အိန္ဒိယနိုင်ငံတို့အကြား ဆေးဝါးစံချိန်စံညွှန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် Indian Pharmacopoeia Comm- ission (IPC) တို့အကြား အစည်းအဝေး ကျင်းပခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် Indian Pharmacopoeia Commission(IPC), Government of India တို့အကြား ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ကျင်းပခဲ့ရာ
အဆိုပါ ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆေးဝါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်၊ အရည်အသွေးအာနိသင်ပြည့်မီပြီး ဘေးကင်းလုံခြုံသော ဆေးဝါးများကို ပြည်သူများထံ ပိုမိုထိရောက်စွာ ရရှိသုံးစွဲနိုင်စေရန်နှင့် ဆေးဝါးစံချိန်စံညွှန်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်နိုင်ရန်အတွက် အရေးပါသော အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။



