၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများအတွက် ကျောင်းဝင်မှတ်ပုံတင် လက်ခံသည့်ကာလကို ဩဂုတ် ၁၄ ရက်အထိ နောက်ဆုံးအကြိမ်အဖြစ် နှစ်ပတ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်/အမှတ်စာရင်း၊ ကျောင်းသားနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ထောက်ခံစာများနှင့် ဓာတ်ပုံ ၈ ပုံတို့ကို ယူဆောင်၍ ရုံးဖွင့်ရက်များတွင် သက်ဆိုင်ရာ တက္ကသိုလ်များသို့ ကိုယ်တိုင်သွားရောက် အပ်နှံနိုင်ပြီး ဩဂုတ် ၁၄ ရက် ကျော်လွန်ပါက မည်သည့်နည်းလမ်းဖြင့်မျှ ထပ်မံလက်ခံတော့မည် မဟုတ်ကြောင်း သိရသည်။
Aug 04 • 1:11 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


