ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တစ်မြို့လုံးနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၅၀ ကျော်တွင် ရေကြီးနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းအထိ မိုးတိတ်ပြီး နေသာနေသော်လည်း ရေအမှတ်မှာ မနေ့ကထက် ပိုမိုမြင့်တက်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ရန် နှိုးဆော်မှုများ ရှိနေသော်လည်း ကျေးရွာတော်တော်များများမှ ဒေသခံများသည် မိမိတို့နေအိမ်များကို စိတ်မချသဖြင့် စွန့်ခွာခြင်းမပြုဘဲ ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရသည်။
Aug 04 • 1:10 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 23 | 0 | 0 | 0 |


