အိမ်အရောက်ပို့ဆောင်ရေးနှင့် အွန်လိုင်းအငှားယာဉ်လုပ်ငန်းများ တိုးတက်စေရန် အရောင်းမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် စင်ကာပူအခြေစိုက် Grab ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ်အတွင်း ဝင်ငွေနှင့် နှစ်အလိုက် ဝင်ငွေခန့်မှန်းချက်များ မြင့်တက်လာကြောင်း သိရသည်။ Grab သည် လောင်စာဆီဈေး မြင့်တက်လာမှုအပြီးတွင် အမှာစာများကို စုစည်းဆောင်ရွက်ခြင်း၊ "Saver" အမည်ရှိ ဈေးနှုန်းသက်သာသော အစီအစဉ်များ ပြုလုပ်ခြင်းနှင့် ကုန်ကျစရိတ် ချင့်ချိန်သုံးစွဲခြင်းတို့ဖြင့် ဖောက်သည်များကို ဆွဲဆောင်ခဲ့သည်။ လုပ်ငန်းတိုးတက်မည်ဆိုသည့် ခန့်မှန်းချက်များနှင့်အတူ အမေရိကန်ဒေါ်လာ သန်း ၇၅၀ တန် ရှယ်ယာပြန်ဝယ်သည့် အစီအစဉ်အသစ်ကြောင့် Nasdaq စာရင်းဝင် Grab ၏ ရှယ်ယာတန်ဖိုးမှာ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Reuters သတင်းအရ သိရသည်။
Aug 04 • 1:08 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |



