ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် မော်တော်ဆိုင်ကယ်များအား (၇) ရက်လျှင် (၂) ကြိမ်၊ တစ်ကြိမ်လျှင် (၄) လီတာနှုန်း QR စနစ်ဖြင့် စက်သုံးဆီ ရောင်းချပေးနေသသော်လည်း လက်တွေ့တွင် ၁၁၀ စီစီ ဆိုင်ကယ်များမှာ ဆီတိုင်ကီပြည့် ဖြည့်ပါက (၂) လီတာသာသာသာ ဆံ့သဖြင့် ကျန်ရှိသော လီတာများကို ပုံးဖြင့် ဖြည့်ခွင့် မရရှိဘဲ ဆုံးရှုံးနေရကြောင်း သိရသည်။ ထို့ပြင် တစ်ပတ်လျှင် (၂) ကြိမ်သာ ဖြည့်ခွင့်ရသည့် အကန့်အသတ်ကြောင့် ခရီးဝေး သွားလာသူများနှင့် ကယ်ရီမောင်းနှင်သူများမှာ မလောက်ငှဘဲ ပြင်ပတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၅,၀၀၀ အထိ ဈေးကြီးပေး၍ ဝယ်ယူနေရသဖြင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးနှင့် ကုန်ကျစရိတ် ဝန်ထုတ်ဝန်ပိုးဖြစ်ကာ အခက်အခဲကြီးစွာ ကြုံတွေ့နေကြရသည်။
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြ၌ QR စနစ်ဖြင့် ဆီဖြည့်ခွင့် မူဘောင်နှင့် လက်တွေ့ အခက်အခဲများကြောင့် ပြည်သူများ ဒုက္ခရောက်နေ
Aug 04 • 12:17 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 19 | 0 | 0 | 0 |


