အာဆီယံဟွန်ဒိုင်းဖလား ပြိုင်ပွဲအုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့သည် ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ မြန်မာအသင်းသည် ယခင်ပွဲစဉ်များတွင် မလေးရှားကို ရှုံးပြီး ဖိလစ်ပိုင်ကို အနိုင်ရရှိထားရာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရန်အတွက် လာအိုအသင်းကို အနိုင်ရလဒ်ရရှိရုံသာမက ဂိုးကွာခြားချက် အသာရရှိရန် ဂိုးပြတ် အနိုင်ကစားရန် လိုအပ်လျက်ရှိသည်။
Aug 04 • 12:14 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 11 | 0 | 0 | 0 |


