menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

MSC 2026ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် YGအသင်း ဆုကြေးငွေများကို တစ်ဒေါ်လာ ၂,၁၀၀ကျပ်နှုန်းဖြင့်သာ လဲလှယ်နိုင်မည်ဟု ပြောဆိုဆွေးနွေးနေ

Aug 04 • 1:42 AM

breaking-news

မြန်မာ

ပြည်တွင်း

မျှဝေမည်

share-news
cover

MSC 2026ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် YGအသင်း ဆုကြေးငွေများကို တစ်ဒေါ်လာ ၂,၁၀၀ကျပ်နှုန်းဖြင့်သာ လဲလှယ်နိုင်မည်ဟု ပြောဆိုဆွေးနွေးနေ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် Mobile Legends: Bang Bang Mid-Season Cup (MSC 2026) ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ပထမ...

cover-photo

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် Mobile Legends: Bang Bang Mid-Season Cup (MSC 2026) ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ကာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိစဉ် Esports အသိုင်းအဝိုင်းက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင် ချန်ပီယံဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်းနှင့် ဒုတိယဆုကြေး အမေရိကန်ဒေါ်လာ ၅ သိန်း ချီးမြှင့်ခဲ့ရာ Yangon Galacticos အသင်းအနေဖြင့် ဒေါ်လာ ၅ သိန်း ရရှိခဲ့သည်။ဆုကြေးငွေနှင့် ပတ်သက်၍ ကစားသမားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၆၅,၀၀၀ ဝန်းကျင်အထိ ရရှိနိုင်ကြောင်း တွက်ချက်ပြောဆိုမှုများရှိနေပြီး ရရှိသည့် ဆုကြေးငွေများအနက် အချို့ပမာဏကို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ် နှုန်းထားဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း Esports အသိုင်းအဝိုင်းအတွင်း ပြောဆိုဆွေးနွေးလျက်ရှိသည်။

news-view-count-icon

24

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ယခုလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင် သင်္ဘော ၆၀ စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာ-ငါးသိုင်းချောင်း လမ်းပေါ်ရှိ ကွန်ကရစ်တံတား ရေစီးဖြင့် မျောပါပျက်စီး

cover-photo
right-arrow-icon