ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးစီးကျင်းပသည့် "Digital First, Digital Trust to AI Smart" ခေါင်းစဉ်ဖြင့် AI နည်းပညာဆိုင်ရာ Panel Discussion ကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က Video Message မှတစ်ဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယနေ့ခေတ်တွင် Generative AI၊ Agentic AI၊ Cloud Infrastructure၊ Data Center နှင့် Semiconductor နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲမှုများ ပိုမိုမြန်ဆန်လာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
"Digital First, Digital Trust to AI Smart" ခေါင်းစဉ်ဖြင့် MICT Park ၌ AI နည်းပညာဆိုင်ရာ Panel Discussion ကျင်းပ
Aug 01 • 7:36 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |


