menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း၌ ရိုးရာမပျက် ဝါဆိုလှိုင်းခုန်ပွဲတော် စည်ကားစွာကျင်းပ

Jul 31 • 4:45 AM

breaking-news

မြန်မာ

ဧရာ၀တီ

မျှဝေမည်

share-news
cover

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း၌ ရိုးရာမပျက် ဝါဆိုလှိုင်းခုန်ပွဲတော် စည်ကားစွာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နယ် သက္ကယ်သောင်ကျေးရွာအုပ်စု အပါအဝင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာအသီးသီးတွင် ရိုးရာမပျက် နှစ်...

cover-photo

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နယ် သက္ကယ်သောင်ကျေးရွာအုပ်စု အပါအဝင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာအသီးသီးတွင် ရိုးရာမပျက် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဝါဆိုလှိုင်းခုန်ပွဲတော်ကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ဝါဆိုလှိုင်းခုန်ပွဲတော်ကို နှစ်စဉ် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ကျင်းပခြင်းဖြစ်ပြီး ဟိုင်းကြီးကျွန်းမြို့နှင့် ကမ်းရိုးတန်းတစ်လျှောက် နေထိုင်ကြသော ဒေသခံများသည် မိသားစုများနှင့်အတူ ပင်လယ်ကမ်းခြေသို့ လာရောက်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။ ယခုပွဲတော်သည် အချင်းချင်း ပိုမိုစည်းလုံးလာစေပြီး ချစ်ခင်ရင်းနှီးမှုကို ရရှိစေသည်ဟု ဒေသခံများက ခံယူထားကြသည်။ထို့ပြင် ဝါဆိုလှိုင်းခုန်ပွဲတော် ပျော်ရွှင်စွာ ဆင်နွှဲပြီးနောက် ညနေပိုင်းတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်းမျိုးစုံ၊ အမွှေးနံ့သာမျိုးစုံတို့ဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ပူဇော်လေ့ရှိကြောင်း သိရသည်။

news-view-count-icon

15

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ပြည်တွင်း၌ မိမိယာဉ်နံပါတ် အလွဲသုံးစားပြု၍ စက်သုံးဆီ ဝယ်ယူခံရသူများအတွက် QR Code အသစ် ထုတ်ပေးမည်ဖြစ်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၌ စီးပွားရေး ကျပ်တည်းမှုကြောင့် ဝါတွင်းဥပုသ်ရက် တစ်ဦးတည်း အလှူရှင် နည်းပါးလာ

cover-photo
right-arrow-icon