menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

၂၀၂၆ ဖီဖာအာဆီယံဖလား ပြိုင်ပွဲဝင်အသင်းတိုင်း ကနဦး ဒေါ်လာ ၁၂၅,၀၀၀ ရရှိမည်ဖြစ်

Jul 31 • 2:06 AM

breaking-news

မြန်မာ

ပြည်ပ

မျှဝေမည်

share-news
cover

၂၀၂၆ ဖီဖာအာဆီယံဖလား ပြိုင်ပွဲဝင်အသင်းတိုင်း ကနဦး ဒေါ်လာ ၁၂၅,၀၀၀ ရရှိမည်ဖြစ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) မှ ဦးဆောင်၍ စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည့် ၂၀၂၆ ဖီဖာအာဆီယံဖလား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းတိုင်း...

cover-photo

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) မှ ဦးဆောင်၍ စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည့် ၂၀၂၆ ဖီဖာအာဆီယံဖလား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းတိုင်းသည် ပြိုင်ပွဲဝင်ကြေးအဖြစ် ကနဦး ဒေါ်လာ ၁၂၅,၀၀၀ ရရှိမည်ဖြစ်သည်။အဆိုပါ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် Challenge Division (Division-2) အုပ်စု (A) ၌ အိမ်ရှင် ဟောင်ကောင်၊ ဘရူနိုင်း အသင်းတို့နှင့် အတူ ကျရောက်ခဲ့သည်။ယခုပြိုင်ပွဲကို အတန်းနှစ်တန်း ခွဲခြားထားရာ Premier Division (Division-1) ကို အိမ်ရှင် အင်ဒိုနီးရှားတွင် ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ တို့နှင့်အတူ ဖိတ်ခေါ်အသင်းများဖြစ်သည့် ပါကစ္စတန်၊ အိန္ဒိယ စုစုပေါင်း ၈ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ အတန်းတွင် ဗိုလ်စွဲသည့်အသင်းသည် ဆုကြေးငွေ ဒေါ်လာ ၁ သန်း ရရှိမည်ဖြစ်သည်။Challenge Division (Division-2) ကိုမူ အိမ်ရှင် ဟောင်ကောင်တွင် ကျင်းပမည်ဖြစ်ပြီး ဟောင်ကောင်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း၊ တီမော စုစုပေါင်း ၆ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၎င်းအတန်းတွင် ဗိုလ်စွဲသည့်အသင်းသည် ဆုကြေးငွေ ဒေါ်လာ ၃ သိန်း ရရှိမည်ဖြစ်သည်။

news-view-count-icon

27

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

မြန်မာ ယူ-၁၂ လူငယ်အသင်း ဂျပန်လူငယ်အကယ်ဒမီအသင်းများနှင့် အုပ်စုတွင်း ကျရောက်

ရှမ်းပြည်နယ် အောင်ပန်းဈေးကွက်၌ ငရုတ်ပွဈေး ပြန်တက်လာပြီး ခရမ်းချဉ်ဈေး ဆက်လက်ကျဆင်း

cover-photo
right-arrow-icon