မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းရှိ ဓာတ်တော်ချိုင့်ရေတံခွန်တွင် ဒုတိယဝါဆိုလပြည့်နေ့ (ဇူလိုင် ၂၉ ရက်) ညနေ ၃ နာရီ ၂၈ မိနစ်ခန့်က အမျိုးသမီးတစ်ဦး ရေနစ်မှု ဖြစ်ပွားခဲ့သည်။ သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ညနေ ၃ နာရီ ၅၈ မိနစ်တွင် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ ရုပ်အလောင်းအား သန္တိသုခ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jul 29 • 1:35 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 15 | 0 | 0 | 0 |


