ပညာရေးဝန်ကြီးဌာနသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်း ကလေးများအတွက် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) နှင့် အသက် ၁၃ နှစ်မှ ၂၁ နှစ်အတွင်း လူငယ်များအတွက် ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) အတန်းနေရာချထားစစ်ဆေးမှု (Placement Test) ကို အထူးအစီအစဉ်အဖြစ် ပြုလုပ်ပေးသွားမည် ဖြစ်သည်။ဖြေဆိုလိုသူများသည် ပညာရေးဆိုင်ရာ ထောက်ခံချက် သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ အသက်ထောက်ခံချက်တို့ဖြင့် မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားရမည်ဖြစ်သည်။ စစ်ဆေးမှုကို လာမည့် ဩဂုတ် ၉ ရက် (တနင်္ဂနွေနေ့) တွင် မြို့နယ်ပညာရေးမှူးများ သတ်မှတ်ပေးသည့် နေရာများ၌ ကျင်းပမည်ဖြစ်ပြီး အသေးစိတ်ကို ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် စုံစမ်းနိုင်သည်။
သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား/သူများအတွက် ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း Placement Test ဩဂုတ်လတွင် ဖြေဆိုရမည်ဖြစ်
Jul 29 • 1:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


